Tracker ဆိုသည်မှာ လူကြီးမင်းတို့၏ မော်တော်ယာဉ်များ၊ ကုန်ပစ္စည်းများ၊ ဝန်ထမ်းများကို အချိန်နှင့်တပြေးညီ မျက်ခြေမပြတ် စီမံကွပ်ကဲနိုင်ရန် အထောက်အကူပြုသော နည်းပညာသုံးပစ္စည်း တစ်မျိုးဖြစ်ပါသည်။
StarTracker သည် နောက်ဆုံးပေါ် Cloud Based Platform ကို အသုံးပြုပြီး လူကြီးမင်းတို့၏ မော်တော်ယာဉ်များကို ယာဉ်မောင်းဝန်ထမ်းများ၊ထံတွင် စိတ်ချလက်ချဖြင့် အလုပ်ပိုမိုတွင်ကျယ်စေခြင်း၊ အသုံးပြုနိုင်ရန်အတွက် ကူညီပေးမည့် စက်ပစ္စည်းတစ်ခုဖြစ်ပါသည်။
Event များ၏သတ်မှတ်ချက်များကို ကျော်လွန်ခဲ့လျှင် ချက်ချင်းသိနိုင်စေရန် StarTracker Application သို့ Notification ပို့ပေးပါသည်။
StarTracker Platform တွင် Tracker တပ်ဆင်ထားသောကားများကို ကွပ်ကဲကြည့်ရှုနိုင်ရန် member များကို အကန့်အသတ်မရှိ ထည့်သွင်းနိုင်ပါသည်။
Member ထည့်သွင်းရာတွင်လဲ member ၏ Role များ၊ Duty များကိုလိုက်၍ Admin, Manager, Viewer ဟူ၍ Level ခွဲနိုင်ရန်လဲ ပြုလုပ်ပေးထားပါသည်။
ထို့ပြင်ကားများကိုလဲ မြို့နယ်အလိုက်၊ ဌာနအလိုက်၊ အုပ်ချုပ်သူအလိုက် စသည်ဖြင့် လိုအပ်သလို Group ခွဲနိုင်ရန် ပြုလုပ်ပေးထားသောကြောင့် Member များကို မိမိနှင့်သက်ဆိုင်သော Car Group များကိုသာ ရွေးချယ် စီမံကြည့်ရှုနိုင်ပါသည်၊